Our Courses

အစိုးရ နည်းပညာအထက်တန်း‌ကျောင်း (‌တောင်ကြီး)တွင် ယနေ့ သင်ကြားပေးနေသော ဘာသာရပ်များမှာ -

တို့ဖြစ်ပါသည်။ အသေးစိတ်ကို အောက်တွင် ဖော်ပြထားပါသည်။

Electrical Technology
Free
GTHS Course

Electrical Technology

  • 00m 00s

knowledge/resource

လျှပ်စစ်စွမ်းအားသင်တန်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ထုတ်လွှတ်ခြင်း၊ဖြန့်ဖြူခြင်းနှင့် အသုံးချခြင်းဆိုင်ရာဘာသာရပ်နှင့်ထိုလုပ်ငန်းများနှင့်ဆိုင်​သော ပညာရပ်များပါဝင်သည်။ထိုအထဲတွင် transformersများ၊လျှပ်ထုတ်စက်များ(generators)၊​မော်တာများစသည်တို့ပါဝင်သည်။

 

Course Duration

သင်တန်းများအားလုံးသည်(၂)နှစ်သင်တန်းဖြစ်ပါသည်။

 

Course structure

course အားလုံးသည် အင်ဂျင်နီယာ ဘာသာရပ်များအပေါ်အခြေခံရေးဆွဲ ထားပါသည်။

 

Class Timing

စာသင်ချိန်(၁)ချိန်တွင် (၁)နာရီရှိပြီး တစ်ရက်(၇)ချိန်/ တစ်ပတ်(၃၅)ချိန်ဖြင့် သင်ကြားလျက်ရှိပါသည်။

 

Assessment Methods

- အခန်းတွင်း Tutorial များစစ်ဆေးခြင်း

- Monthly Test များစစ်ဆေးခြင်း

- လက်‌တွေ့(Practical ) စစ်ဆေးခြင်း များဖြင့်ဆောင်ရွက်ပါသည်။

 

Grading System (ရမှတ်အလိုက်)

Grade A - 81 to 100

Grade B - 61 to 80

Grade C - 41 to 60

Grade D - 21 to 40

Grade E - 0 to 20

 

Admission requirements

အစိုးရနည်းပညာအထက်တန်းကျောင်းများအတွက် G.T.H.S (ပထမနှစ်)

၀င်ခွင့်ရွေးချယ်ရေးး Standard Operating Procedure(SOP)

အစိုးရနည်းပညာအထက်တန်းကျောင်းများအတွက် G.T.H.S (ပထမနှစ်)သင်တန်း ၀င်ခွင့်ရွေးချယ်ရာတွင် အောက်ပါသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားရမည်-

(က) အခြေခံပညာအလယ်တန်း (လက်ရှိအဌမတန်း) အောင်မြင်သူဖြစ်ရမည်။

(ခ) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာ၀အရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

(ဂ) ကျောင်းတည်ရှိရာ ဒေသတွင်းရှိ လျှောက်ထားသူများအား ဦးစားပေးရွေးချယ်ပါမည်။

(ဃ) ကျောင်းမှသတ်မှတ်ထားသည့် ဦးရေထက် ၀င်ခွင့်လျှောက်ထားသူအရေအတွက် များပြားသည့်ကျောင်းများအနေဖြင့် ၀င်ခွင့်စာမေးပွဲကျင်းပလိုပါက ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ ဆုံးဖြတ်ဆောင်ရွက်ရမည်။

(င) ၀င်ခွင့်စာမေးပွဲမေးခွန်းပုံစံနှင့် အမှတ်ပေးစည်းမျဥ်းများကို ဒေသတွင်းမှ နီးစပ်ရာ အခြေခံပညာကျောင်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(စ) ပထမနှစ်သင်တန်းအတွက် ပဏာမ ၀င်ခွင့်ရရှိသူများနှင့် အရန်၀င်ခွင့်ရရှိသူများစားရင်းကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့မှ အချက်အလက်များ မှန်ကန်စေရေး သေချာစွာ စိစစ်၍ ဦးစီးဌာ စီမံခန့်ခွဲရေးကော်မတီတွင် အတည်ပြုမည်ဖြစ်သည်။

(ဆ) အတည်ပြုပြီးသည့် ရွေးချယ်မှုလျှောက်ထားချက်အား ၀န်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြမည်ဖြစ်သည်။

(ဇ) ၀န်ကြီးဌာနမှ အတည်ပြုပြီးသည့် ၀င်ခွင့်ရရှိသူများစာရင်းကို ကျောင်းများသို့ ပြန်လည်ပေးပို့၍ လျှောက်ထားစဥ်က အချက်အလက်များဖြင့် မှန်ကန်စေရေး သေချာစွာ စိစစ်၍ ကျောင်းအစီအစဥ်ဖြင့် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

(စျ) ၀င်ခွင့်ရရှိသူများစားရင်း ထုတ်ပြန်ကြေညာပြီး (၂)ပတ်အတွင်း ကျောင်းအပ်နှံခြင်းတို့ကို ဆောင်ရွက်ရမည်။

 

 

Carrier Prospective after graduate

- ဒုတိယနှစ်တွင်ထူးချွန်စွာအောင်မြင်ပါက အစိုးရစက်မှုလက်မှုသိပ္ပံများကျောင်းများတွင်တက်

ရောက်နိုင်သည်။

- ဒုတိယနှစ်စာမေးပွဲတွင်ဖြေဆို၍ အောင်မြင်သည်ဖြစ်စေ၊ကျရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဝင်ရောက်ဖြေဆိုခွင့်ရရှိမည်။

- ပြင်ပလုပ်ငန်းများ၊အစိုးရဌာနများတွင် ဝင်ရောက်‌လျှောက်ထားနိုင်သည်။

 

Short Description

လျှပ်စစ်နည်းပညာသင်တန်း

Contact

အစိုးရနည်းပညာအထက်တန်းကျောင်း

(တောင်ကြီး)သည် ‌အေးသာယာမြို့သစ်၏ ‌တောင်ဘက်၊မုံတ၀ရွာအနီး၊ ကွင်းအမှတ်-၈၅၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)ဘေးတွင် တည်ရှိသည်။

Supported By

Image

Search